ဘားအံခရိုင် Community Centre တွင် စာဖတ်ဝိုင်းပြုလုပ်

ဘားအံ မတ်  ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များဖြင့် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားထားသော “လူငယ်နှင့် ကြီးပွားရေး” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်စိုးစိုးအေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် ဆရာမ ဒေါ်ဆုလာဘ်နွယ်က လူငယ်နှင့် ကြီးပွားရေး စာအုပ်တွင်ပါဝင်သည့် ဘဝစာမျက်နှာနှင့် ဘဝတိုက်ပွဲ၊ နယ်နိမိတ်ချောင်းလေး တစ်ခု ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက အနုပညာ၏ အရသာ၊ ငယ်ငယ်က ပျော်စရာခေါင်းစဉ်များဖြင့်လည်းကောင်း၊ ဘားအံခရိုင် ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်ခက်ခက်လွင်က သတိမူလျှင်မြူကိုမြင်၊ မပြည့်အိုးလေးဘောင်ဘင်ခတ်ခဲ့ပုံ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသော Book Club အဖွဲ့ဝင်များမှ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဘားအံခရိုင် (ပြန်/ဆက်)