မိုင်းငေါ့မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

မိုင်းငေါ့ မတ် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ မြိုလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မိုင်းငေါ့မြို့အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူမျာကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့ နံနက် (၉) နာရီ အချိန်က  ချုံး‌ကျေးရွာအုပ်စု မန်ဟွေ‌ရွာ၊ မန်ဝိန်းရွာ ၊နမ့်ဖစ်ရွာ ၊ချုံးသစ် ကျေးရွာ တွင် နေထိုင်သူ ပြည်သူများအား  မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ဦးစီးဌာနရုံးတွင်  ဒုလဝကမှူး ဦးခမ်းရီက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခဲ့ပါသည်။

 ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ချုံးကျေးရွာအုပ်စု မန်ဟွေရွာ၊ မန်ဝိန်းရွာ၊ နမ့်ဖစ်ရွာ ၊ချုံးဟောင်းရွာ၊ ဟင်းဝိုးရွာ၊ ချုံးသစ်ကျေးရွာများတွင် နေထိုင်သူ ကျား(၁၂)ဦး၊ မ (၂၁)ဦး စုစုပေါင်း (၃၃)ဦး  တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 မြင့်သွယ်