မိုးနဲမြို့နယ်၌ အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး

မိုးနဲ မတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့ မှစ၍ အငြိမ်းစားပင်စင် လစာငွေများကို ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အငြိမ်းစားပင်စင် လာရောက်ထုတ်ယူကြသူများကို   ဆက်လက် ထုတ်ပေး လျက်ရှိကြောင်းသိရသည်။

အဆိုပါ အငြိမ်းစားပင်စင်ငွေများကို မတ်လ ၂၁ ရက်နေ့မှ စတင်၍ မတ်လ ၂၅ ရက်နေ့ထိ နိုင်ငံ့ဝန်ထမ်း လစာငွေများ မပေးမီနေ့စဉ် ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက်ရှိရာ နိုင်ငံတော်ပင်စင်၊ အငြိမ်းစားပင်စင်၊ မြို့ပြ ပင်စင်နှင့် ကာကွယ်ရေးပင်စင်ဟူ၍ ပင်စင် ၄ မျိုးရှိသည့်အနက် ယမန်နေ့က ကာကွယ်ရေးပင်စင်မှအပ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားပင်စင်စား ၁၃၂ ဦးရှိကြောင်းနှင့် မိုးနဲမြို့နယ်တွင် ပင်စင်လစာငွေ ထုတ်ယူခံစားလျက်ရှိသူ စုစုပေါင်း ၂၄၄ ဦးရှိပြီး ယခုလာရောက် ထုတ်ယူကြသည့် အခါတွင်လည်း နှာခေါင်းစည်း mask တပ်ဆင်စေခြင်း၊ လက်ဆေးဘေစင်တွင် လက်ဆေးခြင်းများ ပြုလုပ်ပြီး ပင်စင်ထုတ်ယူခွင့် ကတ်ပြားများ ယူဆောင်လာမှသာ ပင်စင်လစာငွေထုတ်ပေးလျက်ရှိပြီး ထုတ်ယူခွင့် ကတ်ပြားပျောက်၍ သော်လည်းကောင်း ရေစိုပျက်စီးမှု ဖြစ်လျှင်သော်လည်းကောင်း ပျက်စီးခဲ့လျှင် ပင်စင်စာအုပ်ဖြင့် ယာယီထုတ်ယူ ခံစားခွင့်ရှိပြီး ကတ်ပြားများကို ဘဏ်မှအသစ်ပြန်လည် ပြုလုပ်ပေးကြောင်း ယခု ထုတ်ယူရာတွင်လည်း အငြိမ်းစား ပင်စင်စား များမှ စနစ်တကျ ထုတ်ယူလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)