မြန်အောင် မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မထိခိုက်မပျက်စီးရေး၊ ကြုံတွေ့လာပါက ပျက်စီးမှု အနည်းဆုံးဖြစ်ရေးတို့အတွက် အချိန်မီကာကွယ် ကယ်ဆယ် ထောက်ပံ့ကူညီနိုင်ရေး၊ ထိခိုက် လွယ်သည့် ကျေးရွာအုပ်စုများအား အလေးထား ကြိုတင်ပြင်ဆင်ထားရှိရေး၊ မုန်တိုင်းသတင်းကို ကျေးလက်နေပြည်သူများ သိရှိစေရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ပြီး မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီများတွင် ပါဝင်သည့် ဌာနဆိုင်ရာများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်