မြစ်သား မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် မြန့်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၇)နာရီက စတင်ကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားဦးရေးဘဏ်တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်းဦးရေ (၂၃၀၀)ကျော်ရှိပြီး၊ ပင်စင်လစာများကို မတ်(၂၁)ရက်နေ့မှ စတင်၍ ဘဏ်ဖွင့်ရက်များတွင် နံနက် (၇)နာရီမှ ညနေ(၄)နာရီအထိ ကိုဗစ်-၁၉ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ပုံမှန် ပေးထုတ်ပေးလျက်ရှိကြောင်း၊ ထိုသို့ပင်စင်လစာများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာ့စီပွားရေးဘဏ်မှ တာဝန်ခံများက စာရင်းဖြည့်သွင်း ဆောင်ရွက်ပေးခြင်း၊ ပင်စင်လစာများအား အလှည့်ကျစနစ်ဖြင့် ထုတ်ပေးခြင်း၊ အသက်အရွယ်ကြီးရင့်သူများ အခက်အခဲမရှိစေရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရန် စနစ်တကျဆောင်ရွက်ပေးပြီး၊အငြိမ်းစားဝန်ထမ်းမျာအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်စေခြင်း၊ လက်ဆေးဘေစင်များထားခြင်းတို့ကို ဆောင်ရွက်ထားကြောင်း မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တာဝန်ရှိသူထံမှ သိရသည်။
မြမြမွန် (ပြန်/ဆက်)