ကျောင်းကုန်း မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများတွင် ဖြေဆိုလျက်ရှိသော Grade 9, Grade 11 စာမေးပွဲများအား လက်ရှိအာစနီမုန်တိုင်းအခြေအနေကြောင့် မတ်လ ၂၂ ရက်နေ့မှစ၍ ဧရာဝတီတိုင်းဒေသကြီး တစ်တိုင်းလုံး ယာယီပိတ်ထားရာမှ မတ်လ ၂၅/၂၆ ရက်နေ့တွင် ပြန်လည်ဖြေဆိုကြရမည်ဟု တိုင်းဒေသကြီးပညာရေးမှူးရုံးက ညွှန်ကြားထားကြောင်း သိရသည်။
အဆိုပါ Grade 9,Grade 11 စာမေးပွဲများအား လက်ရှိတွင် အာစနီမုန်တိုင်းအရှိန်ကြောင့် ယာယီ ရပ်နားထားခြင်းဖြစ်ပြီး လက်ရှိတွင် (၄)ဘာသာ ဖြေဆိုပြီးပြီဖြစ်ရာ သမိုင်းဘာသာနှင့် အထွေထွေ သိပ္ပံဘာသာ (၂)ဘာသာ ဖြေဆိုရန် ကျန်ရှိနေသေးကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)