မိုင်းရယ် မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မိုင်းရယ်မြို့၊ အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ငွေကြေးထောက်ပံ့ပေးခြင်းအခမ်းအနားတွင် မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၈)အုပ်စု တွင်ရှိသည့် ကိုယ်ဝန်ဆောင်နှင့် (၂)နှစ်အောက်ကလေး (၂၁၆၉)ဦးအတွက် ထောက်ပံ့ငွေ ကျပ် ၉၅၈၉၅၀၀၀/အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ပါသည်။
အဆိုပါ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လလျှင် ကျပ် (၁၅၀၀၀) နှုန်းဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
မိုင်းရယ် (ပြန်/ဆက်)