နမ္မတူ မတ်၂၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနတို့ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီ အချိန်က နမ္မတူမြို့နယ်၊ မြို့မဈေးနှင့် မြို့မဈေးအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်နီလာဝင်းနှင့် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်မြတ်သူနှင်းတို့က ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇကွဲ (Omicron) ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်စေရေး၊ လက်ကိုစက္ကန့် (၂၀)ကြာအောင်ဆေးကြောပါ၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ၊ တတ်နိုင် သမျှ မိမိအိမ်တွင်သာနေထိုင်ပါ၊ ချောင်းဆိုးနှာချေလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ စသည့်အကြောင်းအရာများအား Hand Speaker ဖြင့်အသိပညာပေး၍ မြို့မဈေးအနီး ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း တာဝန်ရှိသူထံက သိရှိရသည်။
လူမော်