ကျိုက်ထို မတ် ၂၃
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်အတွင်း အခြေခံပညာအလယ်တန်းအဆင့် အဌမတန်း နှစ်ဆုံး စာမေးပွဲများကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြေဆို ပြီးစီးလျက်ရှိ ကြောင်းသိရသည်။
ကျိုက်ထို မြို့နယ်တွင် (၂၀၂၁ - ၂၀၂၂) ခု ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများရှိ စာစစ်ဌာန(၃၀)ခုမှ အဌမတန်း နှစ်ဆုံး စာမေးပွဲ ဖြေဆိုသူ (၆၉၉)ဦးရှိပြီး စာဖြေဌာနအသီးသီး၌ တစ်ပြိုင်တည်းဖြေဆိုစေခဲ့ရာ ယနေ့ မတ်လ ၂၃ရက် နေ့တွင် နောက်ဆုံးဘာသာရပ်ကို ပျက်ကွက်မရှိ အေးချမ်းစွာ ဖြေဆိုပြီးစီးပြီ ဖြစ် ကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။
၀င်းမောင်(ကျိုက်ထို)