ပွင့်ဖြူ မတ် ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် အခြေခံမဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရှေ့ပြေးလုပ်ငန်း(PILOT PROJECT) ဖြစ်သည့် မြေပြင် လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ပြီး ဌာနဆိုင်ရာများမှ ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ တွင် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် အချိန်မီပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ကာ ဌာနဆိုင်ရာများမှ ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံး၏ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ မှန်ကန်စေရေး စနစ်တကျ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)