သာယာဝတီမြို့၌ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီး

သာယာဝတီ   မတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲ နိုင်ငံတစ်ဝှမ်း မတ်လ၂၃ ရက်နေ့ တွင် ဖြေဆိုပြီးစီးပြီဖြစ်ရာ ယနေ့တွင် အေးချမ်းစွာ ဖြေဆိုခဲ့ကြပြီး စာသင်နှစ် တစ်နှစ် ပြီးဆုံး၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်လျက်ရှိကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade - 4 နှစ်ဆုံးစစ်ဆေးခြင်း (Year End Test) နှင့်အခြေခံပညာအလယ်တန်းအဆင့်  နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ ၁၇ ရက်မှ ၁၉ ရက်အထိ တစ်နေ့လျှင် ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန် တစ်ချိန်စာစစ်ဆေး၍ အလယ်တန်းပြီးမြောက်မှုစာမေးပွဲ (Grade- 9)နှင့် အထက်တန်းအဆင့်စာမေးပွဲများကို မတ်လ ၁၇ ရက်မှ ၂၃ ရက်နေ့အထိ တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် ()နာရီကြာဖြေဆိုခဲ့ပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၉၀)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ()ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ()ကျောင်း စုစုပေါင်း (၁၉၄)ကျောင်းရှိပြီး၊ အခြေခံပညာကျောင်းများတွင် မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် (၁၁၃၆)ဦး၊ ၉၉ ဒဿမ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော် (သာယာဝတီ)