ကရသူရိမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကရသူရိ မတ် ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀နာရီက အခြေခံ ပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာ ဗဟုသုတရရှိရေးနှင့် မိမိတို့၏တပ်မတော်နေ့ဆိုင်ရာ သိကောင်းစရာများ ကိုလေ့လာဆည်းပူးနိုင်ရန် ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း ထိုစာစောင်တွင် တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်၊ တည့်မတ်ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊ ကာကွယ်စောင့်ရှောက်သွား မည်သာ၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်များ၊ အသက် သွေးချွေးစဉ်မနှေး ပေးဆပ်သည် မှာ တပ်မတော်ပါ၊ တပ်မတော်၏အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စသည့် အကြောင်းအရာများစုံလင်စွာပါရှိ ကြောင်း အဆိုပါလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှထုတ်ဝေထားခြင်းဖြစ်ပြီး ပြည်သူများအသိပညာဗဟုသုတရရှိရေးအတွက် မြို့ပြန်/ဆက် ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခြင်း ဖြစ်ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)