သတင်းများ

ဟိုပန်မြို့၊ မူလတန်းကြိုကျောင်း၌ ရင်​သွေးငယ်များ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Mar 30,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊  မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်များ၏ ပဒေသာ ကပွဲနှင့် ကျောင်းဆင်းလက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို မတ်လ(၂၈)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ထားဝယ်မြို့၌ကျင်းပ
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
မြန်အောင်မြို့နယ်တွင် အခမ်းအနားမှူး သင်တန်းဖွင့်လှစ်
Mar 29,2022
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ငပု​တောမြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်း အစည်း အဝေးပြုလုပ်
Mar 29,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်  ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ည​နေ ၃ နာရီအချိန်က ကျင်းပ ပြုလုပ် ခဲ့သည်။
ဘူးသီးတောင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ တွေ့ဆုံဆွေးနွေး
Mar 29,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မေယုရာတနာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများအဖြစ် တာဝန် ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
လမ်းမ‌တော်မြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စစ်‌ဆေး ဆောင်ရွက်
Mar 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်တွင် ပြည်သူများအား ယာဉ်တိုက်မှုအန္တရာယ်မှ ကင်းရှင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာ‌ စေရေး အတွက် ယနေ့ နံနက် ၉ အချိန်က၊ မော်တင်ယာယီ ဈေးရပ်ကွက်၊ ဘုန်းကြီးလမ်းနှင် ကမ်းနားကွန်ကရစ်လမ်းထောင့်တွင်ယာဉ် စစ်‌ ဆေးခြင်းဆောင်ရွက်လျက်ရှိ‌သည်။
ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အထက(ဟိုပန်)ကျောင်း စာစစ်ဌာနသို့ သွားရောက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နေ့လယ်(၁၁)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 29,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်း၊ သယံဇာတ‌ရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် ၇ နာရီ အချိန်က ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။