ကျုံပျော်မြို့ ဒါးကချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်း ငါးမျိုးစိုက်ထည့်
Mar 30,2022
ငါးလုပ်ငန်းဦးစီးဌာနက ငါးထုတ်လုပ်မှုနှင့် ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ သားစဉ် မြေးဆက်ငါးရိက္ခာ ဖူလုံစွာစားသုံးနိုင်စေရန်နှင့် ရေလုပ်သားများ၏ လူမှုဘဝပိုမို ဖွံ့ဖြိုးတိုးတက် စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဒါကချောင်း သဘာဝရေပြင် အင်းချောင်းအတွင်းသို့ ငါးသားပေါက်ကောင်ရေ (၇)သောင်းအား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဒါးကချောင်း၊ ခဲဘောင်ကူးတို့ဆိပ်ရေပြင်၌ ကျင်းပ ပြုလုပ်သည်။