သတင်းများ

မြိတ်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ရိုးရာမပျက် အေးချမ်းပျော်ရွင်စွာ ဆင်နွဲနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး ကွင်းဆင်း ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ် မီးသတ်ဦးစီးဌာနက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ မြို့‌ ပေါ်ရပ်ကွက်များ၌အိုမီခရွန်ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော် ချက်များအား‌ ကရင်၊မြန်မာဘာသာဖြင့်လိုက်လံအသိပေး နှိုးဆော်
Mar 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အတွင်းရှိ  ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်  ရည်ရွယ်၍လူစည်ကားသည့်‌နေရာများ၊ လမ်းဆုံလမ်းကွများ ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း    အိုမီခရွန်ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်း အချိန်တွင် ပိုင်ကျုံမြို့၊ မြို့ပေါ်ရပ်ကွက်များ၌   ကရင်၊မြန်မာနှစ်ဘာသာဖြင့်လိုက်လံ အသိ‌ပေး နှိုးဆော်ခဲ့သည်။
ပြည်သူများ ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိ စစ်ဆေးခြင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ကြေညာချက်များ ရှင်းလင်းဆွေးနွေး
Mar 29,2022
ခရီးသွားလာ မိဘပြည်သူများအား ခရီးသွားလာရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိ/မရှိကို ဧပြီလ (၁) ရက်မှ သတ်မှတ်ကာလ အတွင်း တာဝန်ရှိသူများမှ စစ်ဆေးရေးဆောင်ရွက်မည့် အကြောင်းအရာများကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ကျွန်းရတနာခန်းမတွင် မိဘပြည်သူများသို့ အသိပေးကြေညာချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်
Mar 29,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇကွဲ အိုမီခရွန် ကူးစက်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူများ သိရှိလိုက်နာ လုပ်ဆောင်နိုင်ရန်အတွက်၊ အသိပညာပေး လုပ်ငန်းများကို ယနေ့ နံနက်(၁၀)နာရီကမြို့နယ် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း စိုက်ပျိုးရေး မွေးမြူရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 29,2022
မွန်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ ညနေပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအ‌ဝေးခန်းမ၌ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဟိုပုံးမြို့နယ် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်အနားသို့ တက်ရောက်
Mar 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပန်းခင်းစီမံချက်အရ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမတွင် ကျင်းပပြုလုပ်သည်။
ဝေမျှခြင်းပရဟိတမိသားစုမှ  နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ သောက်သုံးရေ ၃၂၀၀ ဂါလံလှူဒါန်း
Mar 29,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ် နပ္ပလင်ကျေးရွာနှင့်စံပြကျေးရွာသို့ ယနေ့မွန်းလွဲ ၁ နာရီခွဲက သောက်သုံးရေဂါလံ ၃၂၀၀ သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော်အသင်း ဦးဝင်းမင်းထွန်းထံက သိရသည်။