ငပုတော မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပ ပြုလုပ် ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မဟာသင်္ကြန်ပွဲတော် စည်ကားစွာ ကျင်းပနိုင်ရေးအတွက် ရေကစားမဏ္ဍာပ်ထိုး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကြိုနေ့တွင် ယိမ်းအဖွဲ့များဖြင့် ဖွင့်ပွဲကျင်းပကာ မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တွင် သက်ကြီးပူဇော် ပွဲနှင့် သင်္ကြန်အတက်နေ့တွင် ငပုတောမြို့ပေါ်ရှိ ဆရာတော်၊ သံဃာတော်များက မြို့တွင်းသို့ လှည့်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် အဖွဲ့ဝင်(၁) ဗိုလ်မှုး ဖြိုးသူရကျော်က ဆွေးနွေးရာတွင် မဟာသင်္ကြန်စည်ကားသိုက် မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကျင်းပရေးကော်မတီများအား အစည်းအဝေးခေါ်ယူမှာ ဖြစ်ကြောင်းနှင့် ရပ်ကွက်နှင့် ဌာနဆိုင်ရာများမှ ယိမ်းအဖွဲ့များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အဖွဲ့ဝင်(၂) ဦးသန်းဦး မဟာသင်္ကြန်စည်ကား သိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ရန်ပုံငွေများ ရရှိရန်လိုကြောင်းနှင့် ရန်ပုံငွေရရှိနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဆွေးနွေးခဲ့ရာ ဌာနဆိုင်ရာများမှ ရန်ပုံငွေများထည့်ဝင်ပေးခဲ့ကြသည်၊၊ ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များမှ တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည် များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နုနုအေး(ပြန်/ဆက်)