Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကျောင်းကုန်းမြို့တွင် အေရိုးဗစ်သင်တန်းဖွင့်လှစ်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အေရိုးဗစ်သင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန် ဖွင့်လှစ်သင်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Mar 29,2022
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အဆင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ချီးမြှင့် ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကိုယနေ့နံနက်ပိုင်းက ဆက်သွယ်ရေး(စာတိုက်)၊ တိုင်းရင်း ဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနများသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တော၌ စိုက်ပျိုးရေးဦးဌာနမှ ပိုးသတ်ဆေးများကို စနစ်တကျကိုင်တွယ်သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Mar 29,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပိုးသတ်ဆေးနှင့် စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေး၊ စားသုံးရေးရာ အကာအကွယ်ပေးရေး၊ ပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ စနစ်တကျ ကိုင်တွယ် သုံးစွဲရေးနှင့် ပတ်သက်သည့် တောင်သူပညာပေး သင်တန်းကို ပေါက်တောမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်၊ အရွှဲဝဲဒေါင့်ကျေးရွာရှိ တောင်သူဦးစံဝင်း၏ ရေစင်း(၁)နေကြာ (၄)ဧကစိုက်ခင်းသို့ ဝင်ရောက်ကြည့်ရှုစစ်ဆေး
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ကျောင်းစုအုပ်စု အရွှဲဝဲဒေါင့်ရွာ၊ ပန်တိုင်တောင်ကွင်းအမှတ် (၄၃၅)ရှိ တောင်သူဦးစံဝင်း၏ ရေစင်း(၁)နေကြာ (၄)ဧကစိုက်ခင်းသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာန(၅)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၅)ခုတို့အား မီးဘေး ကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြိုနယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်း ဖွင့်လှစ်သင်ကြား
Mar 29,2022
လူငယ်များ နွေရာသီအားလပ်ရက်တွင် ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော်မြိုနယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီအခြေခံအင်္ဂလိပ်စာ (အခမဲ့)သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက စတင်ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြိုနယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လယ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18885
Page
18886
Page
18887
Page
18888
Current page
18889
Page
18890
Page
18891
Page
18892
Page
18893
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department