တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ထားဝယ်မြို့၌ကျင်းပ

ထားဝယ် မတ်  ၂၉

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား အသက် (၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပထမပွဲစဉ်အဖြစ်ထားဝယ်(က)အသင်းနှင့်မြိတ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် အသက်(၁၇)နှစ်အောက် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်းဖြစ်ကြောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား(၃)ခရိုင်အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် အသင်း(၄)သင်း ပါဝင်ကစားကြမည်ဖြစ်ပြီး ဧပြီ ၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)