မြန်အောင် မတ် ၂၉
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် အခမ်းအနားမှူးသင်တန်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များတွင် ပြုလုပ်သည့် အခမ်းအနားများ၊ ဒေသအလိုက် ဆောင်ရွက်သည့်ပွဲတော်၊ အခမ်းအနားများနှင့် အထက်ဌာန အဖွဲ့အစည်းများက အခမ်းအနားမှူး တာဝန်ပေးအပ်လာသည့်အခါ တာဝန်ယူ၍ အောင်မြင်စွာ ကျင်းပနိုင်စေရန် ရည်ရွယ်၍ အခမ်းအနားမှူးလုပ်နည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးမှူးနှင့်တာဝန်ရှိသူများက သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် အခမ်းအနား အမျိုးအစားများ၊ အခမ်းအနားမှူး တစ်ယောက်၏ အရည်အချင်းများ၊ ဝတ်စားဆင်ယင်ပုံ၊ အစီအစဉ်များတွင် သဒ္ဒါအသုံးအနှုန်းမှန်ရေး၊ အသံပိုင်းဆိုင်ရာနှင့် ကျွမ်းကျင်တတ်မြောက်ရမည့် အချက်များကို တစ်ရက်ကြာ ရက်တိုသင်တန်းအဖြစ် သင်ကြားကြားပို့ချခဲ့ခြင်းဖြစ်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ Youth Club နှင့် လဝန်းရောင်ခြည် ပရဟိတလူငယ်အဖွဲ့မှ အဖွဲ့ဝင်အမျိုးသမီးများ စုစုပေါင်း ၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)