Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မြန်အောင်၊ အင်္ဂပူ၊ ကြံခင်းမြို့နယ်တို့မှ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးမည့် တောင်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကျင်းပ
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကြံခင်းမြို့နယ်တို့မှ ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမည့်တောင်သူများနှင့် ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယနေ့ နေ့လယ် ၁ နာရီက မြန်အောင်မြို့ အမှတ်(၅)ရပ်ကွက် တာဝတိံသာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 29,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုလာမည့် မတ်လ ၃၁ ရက်နေ့တွင်ကျင်းပမည့်ဖြစ်ရာ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့က သရက်ချောင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ ဦးစီးမှူးဦးသက်နိုင်လွင် ဦးဆောင်သော မီးသတ်တပ်အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများထုတ်ပေးလျက်ရှိ
Mar 29,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသူ/ကျောင်းသားများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဖြေဆိုမည့်စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဝါးခယ်မမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များ၊ လူစည်ကားရာနေရာများ၊ ဈေးများအတွင်း ယနေ့နံနက် (၁၀)နာရီအချိန်က လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်
Mar 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာ၀န် ရှိသူများ၊ ဌာနဆိုင်ရာများပူးပေါင်း၍
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၁၉၁၇)ဦး ဝင်ရောက်ဖြေဆိုမည်
Mar 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂ ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား/ကျောင်းသူ (၁၉၁၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမတွင် ပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအား စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်ထုတ်ပေး
Mar 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၁−၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံးတွင် ၂၄−၃−၂၀၂၂ရက်မှ ၃၀−၃−၂၀၂၂ရက်နေ့ထိ နေ့စဉ်နံနက်(၉:၃၀)မှ ညနေ(၄)နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18888
Page
18889
Page
18890
Page
18891
Current page
18892
Page
18893
Page
18894
Page
18895
Page
18896
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department