ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာန ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပန် မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် အထက(ဟိုပန်)ကျောင်း စာစစ်ဌာနသို့ သွားရောက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နေ့လယ်(၁၁)နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်းထိုက်နှင့် အဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/သူများ စာမေးပွဲ ဖြေဆိုရာ၌ ဘေးကင်း လုံခြုံမှုရှိစေရန်နှင့် စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ဟိုပန်မြို့နယ်၏ စာစစ်ဌာန ဖြစ်သည့် အထက(ဟိုပန်)ကျောင်း၏ စာမေးပွဲ ဖြေဆိုမည့်အခန်းများ၊ စာဖြေခုံများ ပြင်ဆင်ထားမှုများ၊ ကျောင်းသန့်ရှင်းရေး ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းကျန်းမာရေး ဆောင်ရွက်ထားရှိမှုများ၊ လျှပ်စစ်မီးများ သွယ်တန်းထားမှု အခြေအနေများနှင့် ကျောင်းလုံခြုံရေး နေရာချထားမှု အခြေအနေများကို ကွင်းဆင်း ကြည်ရှု့စစ်ဆေးခဲ့ရာ ဟိုပန်မြို့နယ် ပညာရေးမှူး ဦးဝင်းလှိုင် က လိုအပ်သည်များကို ဖြည့်စွက်တင်ပြခဲ့ပြီး ဟိုပန်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌက သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကျောင်း၏ လိုအပ်ချက်များအား ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်တွင် အထက(ဟိုပန်)စာစစ်ဌာန တစ်ခု ရှိပြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား/သူ (၁၁၀)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်းနှင့် အဆိုပါ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ (၃၁)ရက်​နေ့မှ ဧပြီလ(၉)ရက်နေ့အထိ  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇင်ဇင်