သတင်းများ

ကျောက်ပန်းတောင်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားခြင်း ရှိ/မရှိ မီးသတ်ဦးစီးဌာနမှ လှည့်လည်စစ်ဆေး
Mar 30,2022
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်း များနှင့်တက္ကသိုလ်ဝင်တန်းစစ်ဆေးမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို၊ ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်နိုင်လင်းနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Mar 30,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာသက္ကရာဇ် ၁၃၈၃-ခုနှစ်၊ ၂၀၂၂-ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ မြို့မိ၊ မြို့ဖများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဖြူးမြို့နယ် သမဝါယမအသင်းစုတွင် China EXIM Bankချေးငွေကြွေးကျန်များ ပြန်လည်ပေးဆပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 30,2022
သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ဖြူးမြို့နယ်သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစုလီမိတက်တွင် China EXIM Bank ချေး ငွေကြွေးကျန်များ ပြန်လည်ကောက်ခံရရှိရေးအတွက် အသင်းသားများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို ယမန်နေ့က ဖြူးမြို့နယ် သမဝါယမ အသင်းစု ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 30,2022
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများမဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ မွန်းလွှဲ ၃နာရီခွဲအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid Shield) Phase 9 First dose နှင့် Booster ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ အမှတ် (၆) ရပ်ကွက်ရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမှတ် (၁၀) ရပ်ကွက်၊ ဟေမဝန်ဓမ္မာရုံတို့၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ရဟန်းရှင်လူ ပြည်သူများအား သက်ဆိုင်ရာ ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သင်္ဃန်းကျွန်းမြို့နယ်၊ င/က ရပ်ကွက်၊ ပန်းရိုက်လမ်း၊ ရဟန္တာ ဓမ္မာရုံတွင် မြို့နယ်ကျန်းမာရေးဆရာဝန်ကြီး ဉီးစောအောင်ရွှေဖြူ ဉီးဆောင်သော ကျန်းမာရေး ဝန်ထမ်းများမှ ကျား ၈၀ ဉီး၊ မ ၁၁၆ ဉီး၊ စုစုပေါင်း ၁၉၆ ဉီးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနတွင် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး မီးငြှိမ်းသတ်နည်း သရုပ်ပြ
Mar 30,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှုး ဦးဇော်မြင့်ထွန်းနှင့် ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်) ကိုင်ဆောင်အသုံးပြုနိုင်ရေး အသိပေးကြေငြာချက်များ လိုက်လံစိုက်ထူ
Mar 30,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ လူစည်ကားရာ လမ်းဆုံ၊ လမ်းခွများ၊ ဈေးများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးက မိဘပြည်သူများသို့ အသိပေးချက်စာတမ်းပါ (၂၀၂၂)ခုနှစ် ဧပြီလ(၁)ရက်နေ့ကစတင်၍ ခရီးသွားလာခြင်း၊ တည်းခိုနေထိုင်ခြင်းများ ပြုလုပ်ရာတွင် နိုင်ငံသားကတ် (မှတ်ပုံတင်) တပါတည်း ယူဆောင်သွားရန် ထောက်ခံစာဖြင့် ခွင့်မပြုတော့ပါ စသည့် အသိပေးကြေငြာ ချက်များ လိုက်လံစိုက်ထူခြင်းကို ၂၈ ရက်နေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။