သတင်းများ

ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာစစ်ဌာနအား မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 30,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်ရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖွင့်ပွဲပြုလုပ်
Mar 30,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်၊ (၆)လပတ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)ရန်ပုံငွေ နှင့် ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်သည့်‌ ရေတွင်းကြီးကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ် လမ်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းဆောင်ရွက်
Mar 30,2022
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က  ဆောင်ရွက်ခဲ့သည်။
တောင်သာမြို့တွင် နွေရာသီအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများအား မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ၂၉ ရက်နေ့က မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာန ကျောင်းများပြင်ဆင်ထားရှိမှု အား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာန ကျောင်းများအား ကျောင်း သား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို  ယနေ့နံနက် ၁၀ နာရီကတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရစစ်ဆေးခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး
Mar 30,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင် ထားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မယ်စဲ့) စာစစ်ဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင့် သိရသည်။
ထန်းတပင်မြို့နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 30,2022
ပဲခူးတိုင်းဒေသကြီး၊‌ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လည်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။