သတင်းများ

မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကျင်းပ
Mar 31,2022
ပြင်ဦးလွင်မြို့နယ် မြို့တော်ခန်းမ၌ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီကကျင်းပခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများအေးချမ်းစွာ စတင်ဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၁၂၂၆) ဦးမှ ယနေ့နံနက် ၉နာရီကစ၍ နေ့လည် ၁၂နာရီထိ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂တက္ကသိုလ်ဝင်တန်း စာမေးပွဲမြန်မာစာ စတင်ဖြေဆို
Mar 31,2022
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထမနေ့ မြန်မာစာဖြေဆိုခြင်းကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ပထမနေ့)တွင် ပြည်မြို့နယ်မှ ကျောင်းသားကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆို
Mar 31,2022
နိုင်ငံတစ်ဝန်း ယနေ့နံနက် ၉ နာရီက စတင်ကျင်းပလျက်ရှိသည့် ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (ပထမနေ့)တွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်၏ စာစစ်ဌာနငါးခု၌ မြန်မာစာဘာသာရပ်အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ စတင်ဖြေဆိုလျက်ရှိသည်။
တောင်ကြီးမြို့၌ ဌာနဆိုင်ရာများမှ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Mar 31,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိစေရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရပ်ကွက်/ကျေးရွာအုပ်စုများအထိ နယ်မြေကွင်းဆင်းပြီး ပြည်သူ လူထုနှင့် တိုက်ရိုက်ထိတွေ့ကာ ပြည်သူလူထု၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တောင်ကြီးမြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများက ဖာမွန်းကျေးရွာ အုပ်စုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ကြသည်။
ကျောက်တံခါးမြို့နယ်၌ ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆို
Mar 31,2022
ပညာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး၌ ယနေ့နံနက်ပိုင်း က အေးချမ်းစွာလာရောက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ချောင်းဆုံတွင် အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောပွဲကျင်းပ
Mar 31,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အမျိုးသမီးများ အကြမ်းဖက် ခံရခြင်းမှ ကာကွယ်နိုင်ရန်၊ နေ့စဉ်သွားလားလှုပ်ရှားသည့် လူနေမှုဘဝ လုံခြုံမှုရရှိရေးအတွက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ အမျိုးသမီးများ အကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာ ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်(ထွေ/အုပ်) ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ် (၃ /၂၀၂၂) အစည်းအဝေးသို့ တက်ရောက်
Mar 31,2022
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။