သတင်းများ

ချောင်းဆုံမြို့နယ်တွင် သက်တမ်းကုန်ဆုံးသည့် Similac Product များဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်
Mar 31,2022
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြောင်း ကြားချက်အရ Code No များပါသည့် Similac များကို Manufacture မှ မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်းသိရှိရသဖြင့် ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အစားအသောက်နှင့် ဆေးဝါးကော်မတီတို့ပူးပေါင်း၍ ချောင်းဆုံမြို့ပေါ်(၃)ရပ်ကွက်ရှိ မြို့မအမှတ် (၂) ဈေးနှင့် ကုန်စုံဆိုင်၊ ဆေးဆိုင်များတွင် သွားရောက်စစ်ဆေးခဲ့ကြသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နွေရာသီအားကစားသင်တန်း  သင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ လခွဲ(မ-၈)တွင် နွေရာသီအား ကစားသင်တန်းများဖြစ်သည့် ဝူရှူး၊ အေရိုးဘစ်၊ ဘောလုံးနှင့် စားပွဲတင်တင်းနစ် သင်တန်းများသင်တန်းဆင်းပွဲကို ယမန်နေ့နံနက်၉:၀၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရပါသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်၂၀၂၂ ခုနှစ် နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်
Mar 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ်နွေရာသီ အားကစားသင်တန်းများဖြစ်သော အခြေခံဘောလုံးသင်တန်း၊ ဖူဆယ်ဘောလုံးသင်တန်း၊ တိုက်ကွမ်ဒိုသင်တန်း၊ ကရာတေးဒိုသင်တန်းများအား မြို့နယ်အားကစားကွင်း၌ မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိရာ အားကစား ဝါသနာပါသူ သင်တန်းသားများ စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရသည်။
နေပြည်တော်စာရေးဆရာ၊ စာရေးဆရာမများ နှင့် စာပေဝါသနာရှင်များက စာဖတ်ဝိုင်းကျင်းပဆွေးနွေး
Mar 31,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန် အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဦးဟန်ညွန့်(ဟန်ညွန့်-ယဉ်ကျေးမှု) ရေးသားသည့် ‘‘အမျိုးသမီး ဂုဏ်ရည်အလီလီ” တတိယဆုရ ကဗျာဖြင့် ယမန်နေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ ဆွေးနွေး သည်။
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ဒုတိယအစည်းအဝေးကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ
Mar 31,2022
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (ဒုတိယအဖွဲ့ခွဲ)၏ စတုတ္ထအကြိမ် ဒုတိယ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 31,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ (၁၀:၀၀)နာရီအချိန်က ကြည့်မြင်တိုင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2022
လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတတိယမြောက် ယနေ့နံနက်(၉)နာရီ အချိန်တွင် ဆက်လက်ပို့ချခဲ့ရာ သင်တန်းသား/သင်တန်းသူများအား အရေးပေါ်ရုတ်တရက် ကြုံလာလျင်လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ရာတွင် အသက်ရှူအားကူနည်း၊ နှလုံးဖိနှိပ်နှိုးဆွနည်းနှင့်  ထမ်းစင်ဖြင့်သယ်ယူနည်းများကို စာ‌တွေ့ပို့ချခြင်း၊ လက်တွေ့ပို့ချခြင်းများ သင်ကြားခဲ့ပါသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လျာထားဦးရေ ပြည့်မီအောင်ထိုးနှံရေး Mobile Team ဖြင့် ကွင်းဆင်းထိုးနှံပေး
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် အကျုံးဝင် လျာထား ဦးရေ ပြည့်မီစေရေးအတွက် ကျေးရွာအုပ်စုများသို့ Mobile Team ဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။