သတင်းများ

ငါးသိုင်းချောင်းမြို့၊ အ-ထ-က စာစစ်ဌာန၌ (၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ (အ-ထ-က) စာစစ်ဌာန၌ (၂၀၂၂)ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် (၉:၀၀)နာရီအချိန် စတင် ကျင်းပရာ အဆိုပါစာစစ်ဌာန၌ (အ-ထ-က)ငါးသိုင်းချောင်း၊ ထ(ခွဲ)ကွင်းလျား၊ ထ(ခွဲ)တက်ဆိပ်၊ ထ(ခွဲ)ဒေါင့်ကြီးနှင့် ပြင်ပအလွတ်ဖြေ တက္ကသိုလ်ဝင်တန်းကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၂၉)ဦး ဖြေဆိုရန်စာရင်းရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးပန်ကြားချက် ဗီနိုင်းဆိုင်းဘုတ်များ စိုက်ထူ
Mar 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဧပြီ ၁ ရက်နေ့မှစ၍ နိုင်ငံသားကတ်(မှတ်ပုံတင်)ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးအား ပြသစစ်ဆေးခံနိုင်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်ဆောင်ရွက်ရေး "မိဘပြည်သူများသို့ အသိပေးပန်ကြားချက်" ဗီနိုင်းဆိုင်းဘုတ်ကို ယမန်နေ့၊ နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် ဦးစီးမှူးရုံးက စိုက်ထူပေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ည ၆ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ည ၆ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော် အသေးစားနှင့်အလတ်စား စက်မှုဇုန် ကြီးကြပ်ရေးကော်မတီ ဆပ်ကော်မတီ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 31,2022
နေပြည်တော်အသေးစားနှင့်အလတ်စား စက်မှုဇုန် ကြီးကြပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကျင်းပ
Mar 31,2022
ပြင်ဦးလွင်မြို့နယ် မြို့တော်ခန်းမ၌ မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီကကျင်းပခဲ့ရာ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြောင်းသိရသည်။
သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူများအေးချမ်းစွာ စတင်ဖြေဆို
Mar 31,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/သူ (၁၂၂၆) ဦးမှ ယနေ့နံနက် ၉နာရီကစ၍ နေ့လည် ၁၂နာရီထိ မြန်မာစာဘာသာရပ် စတင်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂တက္ကသိုလ်ဝင်တန်း စာမေးပွဲမြန်မာစာ စတင်ဖြေဆို
Mar 31,2022
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ထမနေ့ မြန်မာစာဖြေဆိုခြင်းကို ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။