ပြင်ဦးလွင် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပမည့် စာစစ်ဌာန ကျောင်းများအား ကျောင်း သား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ယနေ့နံနက် ၁၀ နာရီကတာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ပညာရေးမှူး တို့က ၂၀၂၂ ခုနှစ်၊တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန်စီစဉ်ထားရှိသော စာစစ်ဌာန ကျောင်းများသို့ သွားရောက်စစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တာဝန်ခံကျောင်းအုပ် ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆို နေစဉ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)