မြဝတီ မတ် ၃၀
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးတွင် မီးဘေးလုံခြုံရေးအသိပညာပေးခြင်းနှင့်မီးငြှိမ်းသတ်သရုပ်ပြခြင်းလုပ်ငန်းများကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဦးကျော်မင်းသန်းက မီးလောင်မှုဖြစ်ပွားလျှင် မီးငြှိမ်းသတ်နိုင်သည့်နည်းလမ်းများ၊မီးသတ်ဆေးဗူးထားရှိမှုစနစ်များ၊မီးသတ်ဆေးဗူးအသုံးပြုပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဦးကျော်မင်းသန်းဦးဆောင်၍ မီးသတ်တပ် ဖွဲ့ဝင် (၃)ဦးက ခရိုင်ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနရုံးအတွင်းရှိ မီးသတ်ဆေးဗူး ထာရှိမှုနှင့်မီးချိတ်၊ မီးကပ်များ ထားရှိမှုအခြေအနေများကို လိုက်လံစစ်ဆေး အကြံပြုပေးခဲ့ရာ မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်းများကိုလည်း လက်တွေ့ သရုပ်ပြခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)