ခမောက်ကြီး မတ် ၃၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ ၃၁ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်ရာ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ယမန်နေ့က မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် ခမောက်ကြီးမြို့ လျှပ်စစ်ဦးစီးမှူးဦးဦးထွန်းဝင်း၊ မီးသတ်ဦးစီးမှူး ဦးဖြိုးမင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စာမေးပွဲဖြေဆိုစဉ် ကျောင်းသူကျောင်းသားများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ခမောက်ကြီးမြို့အခြေခံပညာ အထက် တန်းကျောင်းစာစစ်ဌာနရှိ စာဖြေခန်းများနှင့်ကျောင်း ဝန်းအတွင်းမီးဘေးလုံခြုံရေး အတွက် မီးသတ်ဆေးဘူးများ၊ မီးချိတ်မီးကပ်များနှင့် လျှပ်စစ်ဝါ ယာကြိုး၊လျှပ်စစ်ပစ္စည်းများ ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ရန် အကြံပြုခဲ့ ကြကြောင်း သိရသည်။
ရူပါမြင့်(ခမောက်ကြီး)