သတင်းများ

ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်းမှ ကျေးရွာစာကြည့်တိုက်များ အတွက် စာအုပ်စာစောင်များလှူဒါန်း
Mar 30,2022
ဧရာ၀တီတိုင်းဒေသကြီးအတွင်း၌ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာပေကိုမြတ်နိုးတန်ဖိုးထားသော စာဖတ်ပရိသတ်များ ပိုမိုတိုးပွားလာစေရန်အတွက် တိုင်းဒေသကြီး စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့က ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် ၄ တိုက်အတွက် သုတ၊ ရသ စာအုပ်စာစောင် ၁၀၀ အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ယနေ့ နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ သည်။
ပိုင်ကျုံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်
Mar 30,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့က ပိုင်ကျုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ရှိသူတို့က သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများထံ  ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇ​​​ပြောင်း အိုမီခရွန် ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့တွင် မြို့ပေါ်ရှိရပ်ကွက်များအတွင်းလိုက်လံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြင်းခြံမြို့ပေါ် ရပ်ကွက်များသို့ ယနေ့နေ့လည် ၁ နာရီ အချိန်တွင် အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာနှင့် စစ်ပင်ကြီးကျေးရွာများရှိ School Cum Shelter အခြေအနေများအား ကြည့်ရှုစစ်ဆေး
Mar 30,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီ ကျေးရွာ School Cum Shelter အခြေအနေအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်၊ စစ်ပင်ကြီး ကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာ School Cum Shelter အခြေအနေအား မွန်းလွဲ ၃ နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။
တကောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်နိုင်ရေး အသိပေးလက်ကမ်းစာစောင်နှင့် ကြော်ငြာများဖြန့်ဝေ
Mar 30,2022
မန္တလေးတိုင်း‌ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အတွင်း အသက်(၁၆) နှစ်နှင့်အထက် အကျုံးဝင်သူများအာ ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်ကောင်း၊ တည်းခိုနေထိုင်ရာတွင် လည်ကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသ၍ ဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း (၁.၄.၂၀၂၂)ရက်နေ့မှစ၍ နိုင်ငံသားကတ် (မှတ်ပုံတင်)အား ပြသစစ်ဆေးမှုခံယူရမည်ဖြစ်ကြောင်း အသိပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မတ်လ (၂၈)ရက်နေ့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်းရောဂါပိုး ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပေးချက်များနှင့် ကာကွယ် ဆေးထိုးနှံကြရန်လိုက်လံနှိုးဆော်
Mar 30,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် လက်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ် -၁၉ ‌ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် ညွှန်ကြား ချက်များအား အသိပညာပေးနှင့် ကာကွယ်ဆေးထိုးနှံကြရန်လိုက်လံနှိုးဆော်ခြင်း ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိရပ်ကွက်များသို့ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်များ လာရောက်လှူဒါန်း
Mar 30,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ပြည်သူ့ စာကြည့်တိုက်တွင် ပြည်သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန်အတွက် ရည်ညွှန်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာပြန်စာအုပ်များနှင့် သုတရသစာအုပ်များ စုစုပေါင်း (၁၆) အုပ်ကို အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးဝင်း က လာရောက်လှူဒါန်းသည်။