မယ်စဲ့မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေး

မယ်စဲ့   မတ်   ၃၀

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန ပြင်ဆင် ထားမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအောင်ကျော်သန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက အ.ထ.က(မယ်စဲ့) စာစစ်ဌာနအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင့် သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(မယ်စဲ့)တွင် စာစစ်ဌာနဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း မလိုလားအပ်သည့် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ မဖြစ်ပွား စေရေး လုံခြုံရေးတာဝန်ချထားမှု အခြေအနေ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့များဖြင့် ထောက်ပံ့ပေးမည့် အခြေအနေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်သန်းက ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးအောင်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အခန်းတစ်ခန်း ပြင်ဆင်ထားရှိမှု၊ အရေးပေါ် စာဖြေခန်း ၂ ခန်း၊ ဆေးရုံတွင် စာဖြေခန်း ၁ ခန်းနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်အတွက် ကျန်းမာရေးအခန်း ၁ ခန်း ပြင်ဆင်ထားရှိမှုအား လိုက်လံ ရှင်းလင်းပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝတ်ရည်