တောင်သာ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၉)နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်မြင့်ကေခိုင်က ရှင်းလင်းပြောကြားပြီး နည်းပြအဖြစ် ဦးစိုးနိုင်က အင်္ဂလိပ်စာ Grammar အားပို့ချဆောင်ရွက်ခဲ့သည်။
ယင်းသင်တန်းကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ(၆)ရက်နေ့အထိ နံနက်(၉)နာရီမှ (၁၁)နာရီအထိ နေ့စဉ်သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းကာလမှာ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသင်တန်း၌ အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်းမှ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူ (၁၃)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သင်တန်းနားချိန်၌ ဌက်ပျောသီးနှင့်မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)