ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို

ကျောက်ပန်းတောင်း မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ တက္ကသိုလ် ဝင်စာမေးပွဲများကို စာစစ်ဌာန(၄)ခုတွင် စတင်ဖြေဆိုနေကြပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင်  ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို  ကျောင်းသားကျောင်းသူ စုစုပေါင်း(၁၁၃၂) ဦးဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် စာစစ်ဌာနများအနေဖြင့် အမှတ်(၁)အ.ထ.က၊ ပုပ္ပားအ.ထ.က၊ တောင်ဦး အ.ထ.ကနှင့် လက်ပံပျား အ.ထ.က၊ စသည့် စာစစ်ဌာန(၄)ခု ဖွင့်လှစ် ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ ယနေ့တွင် မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို ကြမည်ဖြစ်ရာ အမှတ်(၁) အ.ထ.ကတွင် ကျောင်းသားကျောင်းသူများနံနက် (၈)နာရီမှ စတင်ရောက်ရှိလာကြပြီး၊ ဖြေဆိုရမည့် ဘာသာရပ်နှင့်ပတ်သက်၍ အေးချမ်းစွာ တိုင်ပင်ဆွေးနွေးနေကြသည်ကိုတွေ့ရှိရပြီး၊ အမှတ်(၁) အ.ထ.က စာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၆၉၇)ဦး ဝင်ရောက် ဖြေဆိုကြမည် ဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)