သတင်းများ

မျိုးရိုးသစ် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး မြို့ပေါ်ရပ်ကွက်များသို့ အသိပညာပေး လှည့်လည်နှိုးဆော်ပေးလျက်ရှိ
Mar 31,2022
ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများ သတိပြုရမည့်အချက်များကို သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်ပိုင်းက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့်  အသိပေးနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူ(၁၄၄၀)ဦး တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကျင်းပ လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူ(၁၄၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရပြီး ကျောင်း‌သား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက စာစစ်ဌာနများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
စစ်တွေမြို့၊ လူထုအ‌‌ပြုဗဟိုဌာနတွင် လူငယ်များအတွက် နွေရာသီ အခြေခံကရာတေးဒိုသင်တန်းဖွင့်လှစ်
Mar 31,2022
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ ညနေ(၁၅၀၀)ချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားမန်ကရာတေးဒိုအသင်းတို့ပူးပေါင်း၍ လူငယ်လူရွယ်များကာယစွမ်းရည်တိုးပွားစေရေး၊ အားလပ်ရက်များကိုအချိန်အကျိုးရှိစွာအသုံးချတတ်စေရေး၊ ရန်သူများအား ခုခံနိုင်စွမ်းနှင့် ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များဖြစ်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံကရာတေးဒို သင်တန်းဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆောင်ရွက်
Mar 31,2022
ရခိုင်ပြည်နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်း မြင့်မားရေး၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာရေးနှင့် မသမာမှုများ ကင်းရှင်းရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့အကူအညီများဖြင့် ဆောင်ရွက်ထားကြောင်း ရခိုင်ပြည်နယ် ပညာရေး မှူးရုံးမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
Mar 31,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မတ်လ(၃၁)ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ တက္ကသိုလ် ဝင်စာမေးပွဲများကို စာစစ်ဌာန(၄)ခုတွင် စတင်ဖြေဆိုနေကြပြီ ဖြစ်ကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်အေးချမ်းစွာ ဖြေဆို
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁   တွင် ၃၃၀ ဦး၊ အ.ထ.က-၂ တွင် ၂၀၀ ဦး၊ အ.ထ.ကရွာသစ်တွင် ၁၆၀ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၂၀၆ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၁၀၂ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၈၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၇၄ ဦး၊ အ.ထ.က-ကျုံတလုတ်တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၅၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂၄၄ ဦးတို့သည် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Mar 31,2022
ကချင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်နယ်ကော်မတီ၏ ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကား ပြောကြားသည်။
ချောင်းသာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိ
Mar 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဘာသာရပ်တွင် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၉၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရ သည်။