အိမ်မဲ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အ.ထ.က-၁ တွင် ၃၃၀ ဦး၊ အ.ထ.က-၂ တွင် ၂၀၀ ဦး၊ အ.ထ.ကရွာသစ်တွင် ၁၆၀ ဦး၊ အ.ထ.က ကြို့ကုန်းတွင် ၂၀၆ ဦး၊ အ.ထ.က-တကူဆိပ်တွင် ၁၀၂ ဦး၊ အ.ထ.က-ဝါးတလုတ်ကမ်းနီတွင် ၈၆ ဦး၊ အ.ထ.က- လူကောင်းကျွန်းတွင် ၇၄ ဦး၊ အ.ထ.က-ကျုံတလုတ်တွင် ၃၁ ဦး၊ အ.ထ.က-ဘုရားကြီးကုန်းတွင် ၅၅ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၂၄၄ ဦးတို့သည် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက် အတွဲ-၁ အတွဲ-၂ အတွဲ- ၇ ဘာသာရပ်အလိုက် ဖြေဆိုမှုစာရင်းရှိ ၁၃၂၉ ဦးရှိသော်လည်း ၈၅ ဦး ဖြေဆိုမှု ပျက်ကွက်ခဲ့ပြီး ၁၂၄၄ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၆၀ ရာခိုင်နှုန်းရှိ ကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ်မှုကော်မတီဝင်များ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်သက်လယ် (အိမ်မဲ)