ကန်ကြီးထောင့် မတ် ၃၁
၂၀၂၁-၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်စာမေးပွဲများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကျင်းပ လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူ(၁၄၄၀)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရပြီး ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက စာစစ်ဌာနများသို့ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန်အတွက် အ.ထ.က ကန်ကြီးထောင့်၊ အ.ထ.က ဒါးက၊ အ.ထ.က ကျိုက်လတ်၊ အ.ထ.က ဆပ်ကွင်း၊ အ.ထ.က တကုန်းကြီး၊ အ.ထ.က ကံရွာ၊ အ.ထ.က ကုလားကွင်း၊ အ.ထ.က မြင်းကဆိပ်၊ အ.ထ.က ဝဲကြီး အစရှိသည့် စာစစ်ဌာန ၉ ခုကို ဖွင့်လှစ်ထားပြီး စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ လက်ဆေးကြောစေခြင်း အပူချိန်တိုင်းတာခြင်း အစရှိသည့် ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း ဆောင်ရွက်ပေးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)