ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၀၈၈) ဦး ဝင်ရောက်ဖြေဆို

ကျုံပျော် မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ရာ မြန်မာစာ‌ဖြေဆိုသည့်‌နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၈၈)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်း‌ကျော်ထံမှ သိရသည်။

အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် အတွင်းဖြေ ကျောင်းသား (၄၁၄)ဦး၊ ကျောင်းသူ (၅၈၇) ဦးနှင့် အပြင်ဖြေအဖြစ် ကျောင်းသား (၇၁)ဦး၊ ကျောင်းသူ (၆၀)ဦး၊စုစုပေါင်း (၁၁၃၂)ဦးတို့စာရင်းပေးသွင်းခဲ့ပြီး၊ ယနေ့တွင် ကျောင်းသား (၄၆၁) ဦး၊ ကျောင်းသူ (၆၂၇) ဦး၊ စုစုပေါင်း (၁၀၈၈) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကာ၊ ကျောင်းသား (၂၄)ဦး၊ ကျောင်းသူ (၂၀)ဦး၊ စုစုပေါင်း (၄၄)ဦး ပျက်ကွက်ခဲ့ကြောင်း၊ စုစုပေါင်း (၉၆%) ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ကျုံပျော်မြို့နယ်တွင်စာစစ်ဌာနပေါင်း(၁၀)ခုဖြင့် စစ်ဆေးဆောင်ရွက်ပြီး၊ စာစစ်ဌာနများမှာ အ.ထ.က(၁)ကျုံပျော်၊ အ.ထ.က(၂)ကျုံပျော်၊ အ.ထ.က(သောင်ကြီး)၊ အ.ထ.က (အထောင်)၊ အ.ထ.က(လှည်းဆိပ်)၊ အ.ထ.က(မိုးကြိုးပစ်)၊ အ.ထ.က(ရေတွင်းရိုး)၊ အ.ထ.က (အင်းရဲ)၊ အ.ထ.က(ဒိုက်ပျက်)နှင့် အ.ထ.က(ရေစခန်း)တို့ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုသူများ စိတ်ချမ်း‌မြေ့စွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး‌ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)