ပြင်ဦးလွင် မတ် ၃၁
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား / ကျောင်းသူ ( ၃၇၂၀ ) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများ နှင့် ကျောင်းသားမိဘများ ၊ အေးချမ်းစွာ ဖြေဆိုသွားလာနိုင်ရန်အတွက် ခရိုင် / မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ပြင်ဦးလွင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စာစစ်ဌာန ( ၇ ) ခုရှိပြီး ၊ ကျောင်းသား / ကျောင်းသူ ဖြေဆိုသူ ( ၃၇၂၀ ) ဦးမှ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဝင်ရောက်ဖြေဆိုလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဇော်မျိုးထိုက်