မိုးညှင်း မတ် ၃၁
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ(ပထမနေ့)ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြေဆိုကြရာတွင် ကျောင်းသား ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
မိုးညှင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော စာစစ်ဌာန(၈)ခုရှိ၍ အထက(၁)တွင် ကျောင်းသား ကျောင်းသူ(၃၃၀)ဦး၊ အ.ထ.က(၂)တွင် ကျောင်းသား ကျောင်းသူ (၂၅၆)ဦး၊ အ.ထ.က(၃)တွင် ကျောင်းသား ကျောင်းသူ (၁၉၅)ဦး၊ အ.ထ.က(နန်းမား)တွင် ကျောင်းသား ကျောင်းသူ (၁၅၉)ဦး၊ အ.ထ.က(ဟိုပင်)တွင် ကျောင်းသား ကျောင်းသူ (၂၃၈)ဦး၊ အ.ထ.က(မြသီတာ)တွင် ကျောင်းသား ကျောင်းသူ (၁၈၃)ဦး၊ အ.ထ.က(နန့်မွန်း)တွင် ကျောင်းသား ကျောင်းသူ (၃၁၂)ဦးနှင့် အ.ထ.က(အင်းတော်ကြီး)တွင် ကျောင်းသား ကျောင်းသူ (၁၂၆)ဦး ဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၇၉၉)ဦး၊ ပျက်ကွက် (၁၂၆)ဦးရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ၉၃.၄၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)