ပုလောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

ပုလော   မတ်   ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ယနေ့  နံနက် ၉ နာရီက ဖြေကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပုလောမြို့နယ်၌ ပုလောမြို့ အထက(၁)၊ အထက(ပလ)၊ အထက(ပလောက်) စာစစ်ဌာန(၃)ခု စာရင်းရှိ ၅၂၂ ဦးတွင် ၄၆၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/သူများ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပညာရေးဌာနမှ ဝန်ထမ်းများနှင့်အတူ တာဝန်ရှိသူများက အတွင်း/အပြင် လုံခြုံရေးတာဝန်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော် (ပြန်/ဆက်)