တန့်ယန်း မတ် ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေလျက်ရှိသည်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာန၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၁၄)ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသားကျောင်းသူ (၁၆၂)ဦး၊ အတွဲ(၂)တွင် ကျောင်းသူ (၁)ဦး၊ အတွဲ(၇)တွင် ကျောင်းသားကျောင်းသူ(၁၂၄)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၂၈၇)ဦးတို့ ဝင်ရောက်ဖြေဆိုကြရာ ၉၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မင်းလွင်ဦး