သဲကုန်းမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသားကျောင်းသူများ စတင်ဖြေဆို

သဲကုန်း မတ် ၃၁

၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယနေ့နံနက် ၉နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တွင် ကျောင်းသားကျောင်းသူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

သဲကုန်းမြို့နယ်တွင် အ.ထ.က သဲကုန်း၊ အ.ထ.က ပုတီးကုန်း၊ အ.ထ.က အင်းမ၊ အ.ထ.က အင်းမ(တပ်နယ်)နှင့် အ.ထ.က ဆင်မြီးဆွဲ စာစစ်ဌာန (၅)ခု ရှိပြီး ကျောင်းတွင်းမှ ဝင်ရောက် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်း သား/ ကျောင်းသူ (၈၄၂)ဦး နှင့်ကျောင်း ​ပြင်ပမှ ဝင်ရောက် ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား /ကျောင်းသူ (၂၇၆)ဦး စုစုပေါင်း (၁၁၁၈) ဦး ဝင်ရောက်ဖြေရန် စာရင်းပေးထားလျက် ရှိပြီး ယနေ့ မြန်မာစာဘာသာရပ်အား ကျောင်းတွင်းမှ ဖြေဆိုသူ(၈၀၅ )ဦး၊ ပြင်ပမှ ဖြေဆိုသူ (၂၀၁)ဦး စုစုပေါင်း(၁၀၀၆)ဦးဖြင့် ဖြေဆိုသည့် ရာခိုင်နှုန်း ၈၉.၉၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)