ကျိုင်းတုံ မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၃၁ ရက်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်မှ ဧပြီလ ၉ ရက်ထိ ကျင်းပလျက်ရှိရာ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများနှင့် တာဝန်ရှိသူများက စာစစ်ဌာနအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၆ ခု ဖွင့်လှစ် ဖွင့်လှစ်ထားရှိပြီး ကျောင်းသား၊ ကျောင်းသူ ၁၁၃၇ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)