ကြို့ပင်ကောက်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို

ကြို့ပင်ကောက် မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ယနေ့တွင် စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် နံနက် ၉ နာရီအချိန်မှစ၍ စာစစ်ဌာနလေးခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

အထက(ကြို့ပင်ကောက်)၊ အထက(ပန်းတင်)၊ အထက(ရွှေပန်းတော)နှင့် အထက(လယ်တီ) စာစစ်ဌာနဟူ၍ စာစစ်ဌာန(၄)ခုတွင် စာမေးပွဲဖြေဆိုရန် ဘာသာတွဲ(၁)တွင် ၅၂၂ ဦး၊ ဘာသာတွဲ (၂)တွင် ၂၀၂ ဦးနှင့် ဘာသာတွဲ(၇)တွင် ၆၂ ဦးတို့ စုစုပေါင်း ၇၈၆ ဦး စာရင်းပေးသွင်းထားပြီး ပထမ ဆုံး မြန်မာဘာသာ စတင်ဖြေဆိုရသောနေ့တွင် အတွင်းဖြေကျောင်းသားကျောင်းသူ ၅၆၃ ဦးနှင့် အပြင်ဖြေ ကျောင်းသား ကျောင်းသူ ၁၄၇ ဦး စုစုပေါင်း ၇၁၀ ဦး ၉၀ ဒဿမ ၃၃ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ အေးချမ်းစွားဖြေဆိုနိုင်ရေးအတွက် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)