ရန်ကုန် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းတွင်း၊ ကျောင်းပြင် ဖြေဆိုသူကျောင်းသား၊ ကျောင်းသူများသည် အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၌ ဖြေဆိုရာတွင် ကျောင်းသား (၂၆၇) ဦး၊ကျောင်းသူ (၂၉၆) ဦး စုစုပေါင်း(၅၆၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်၊၊
စာမေးပွဲဖြေဆိုရန် ကျောင်းတွင်း၊ ကျောင်ပြင်ဖြေဆိုသူစာရင်းရှိ ကျောင်းသား(၂၉၁)ဦး၊ ကျောင်းသူ(၃၂၂)ဦး စုစုပေါင်း (၆၁၃)ဦးရှိပြီး ကျောင်းသား(၂၄)ဦး၊ ကျောင်းသူ (၂၆)ဦး၊ စုစုပေါင်း (၅၀)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့သည်၊၊
ဗဟန်းမြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၉၁.၈၄ ရာခိုင်နှုန်းဖြေဆိုကြရာ မတ်လ ၃၁ ရက်နေ့တွင် မြန်မာစာ ဧပြီလ ၁ ရက်နေ့တွင် အဂ်လိပ်စာ၊ ဧပြီလ ၂ ရက်နေ့တွင် သင်္ချာ၊ ဧပြီလ ၄ ရက်နေ့တွင် ဓါတုဗေဒ ဧပြီလ ၅ ရက်နေ့တွင် ရူပဗေဒ၊ ဧပြီလ ၆ ရက်နေ့တွင် ဇီဝဗေဒ၊ ဘောဂဗေဒ၊ ဧပြီလ ၇ ရက်နေ့တွင် ပထဝီဝင် ဧပြီလ ၈ ရက်နေ့တွင် သမိုင်း၊ ဧပြီလ ၉ ရက်နေ့တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်များကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဖြေဆိုကြရမည်ဖြစ်သည်။
ထိုသို့ဗဟန်းမြို့နယ်အတွင်း၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် စာမေးပွဲဖြေဆိုနေမှုများနှင့် ကျောင်းများတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီဆောင်ရွက်ထားမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့က ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)