ဒက္ခိဏသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆို

ဒက္ခိဏသီရိ မတ်  ၃၁

၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခု၌ ယနေ့နံနက်(၉)နာရီတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်း စွာ ဖြေဆိုကြသည်။

ယနေ့ဖြေဆိုလျက်ရှိသော ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာဘာသာ)ကို ပြည်ထောင်စု နယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈)အခြေခံပညာအထက် တန်းကျောင်းနှင့် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန(၂)ခုတို့၌ ကျောင်းသား (၁၈၄)ဦး၊ ကျောင်းသူ (၂၄၄)ဦး စုစုပေါင်း (၄၂၈)ဦးစာရင်းပေးသွင်းထားပြီး ဖြေဆိုသူကျောင်းသား (၁၇၂)ဦး၊ ကျောင်းသူ (၂၃၆)ဦး စုစုပေါင်း (၄၀၈)ဦး တို့ဝင်ရောက်ဖြေဆိုကာ ပျက်ကွက် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၀)ဦးရှိပြီး ရာခိုင်နှုန်းအနေဖြင့် ၉၅ ဒသမ ၃၃ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာနများ၌ ဆရာ၊ ဆရာမများ၊ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)