ခါမ်းပါတ် မတ် ၃၁
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်စာစစ်ဌာနမှ ကျောင်းသား/ ကျောင်းသူစာရင်းရှိ (၁၂၅)ဦးဖြစ်ပြီး လာရောက်ဖြေဆိုသူ (၁၀၂) ရှိကြောင်း သိရသည်။
ယနေ့ဖြေဆိုသည့် မြန်မာစာဘာသာရပ်နေ့တွင် ကျား(၄၃) ဦး၊ မ(၅၉)ဦး ၊စုစုပေါင်း(၁၀၂) ဦး ဝင်ရောက်ဖြေဆိုကြပြီး ပျက်ကွက်(၂၃)ဦးရှိကြောင်း အ.ထ.က ခါမ်းပါတ် စာစစ်ဌာန ကြီးကြပ်ရေးမှူးထံမှ သိရသည်။ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခါမ်းပါတ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အခြားဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက အပြင်စည်းလုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးတို့အတွက် လုံခြုံရေးများကို ပိုမိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
သားငယ်(ခါမ်းပါတ်)