ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

ရေနံချောင်း မတ်  ၃၁

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက် နာရီက ရေနံချောင်းမြို့ ..က()စာစစ်ဌာနတွင် စာဖြေခန်း ၃၈ ခန်းဖွင့်လှစ် ကျင်းပလျက် ရှိရာ မြန်မာစာဖြေဆိုသည့် ပထမနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီးမှ စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းသူ ၁၁၁၅ ရှိသည့်အနက်လာရောက်  ဖြေဆိုသူ ၁၀၂၃ ဦး၊ ပျက်ကွက်သူ ၉၂ ဦး စုစုပေါင်း ဖြေဆိုမှုရာခိုင်နှုန်း ၉၁.၇၅ ရာခိုင်နှုန်းရှိ ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ..က()စာစစ်ဌာန တစ်ခုသာဖွင့် လှစ်ကျင်းပ ခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်၊ အဖွဲ့ဝင်()ဗိုလ်မှူး သန်းဌေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်တို့က အနီးကပ်ကြီးကြပ်ကာ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန် အတွင်း စည်း အပြင်စည်းများ ထားရှိဆောင်ရွက်လျက်ရှိပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ  ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ အပူချိန်တိုင်းခြင်း လက်ဆေးပေးခြင်း နှာခေါင်းစည်း ပေးဝေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)