ပင်လောင်း မတ် ၃၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြိုနယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့အား စာစစ်ဌာနအသီးသီးတွင် ယနေ့ နံနက်ပိုင်းက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပင်လောင်းမြိုနယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန ( ၁၀ )ခု၌ ဖြေဆိုမည့်သူစာရင်း စုစုပေါင်း(၂၃၈၈ ) ဦးရှိရာ ယနေ့ မြန်မာစာဘာသာရပ်အား အထက(၁)တွင် ဖြေဆိုသူ (၃၁၉)ဦး၊ အထက(၂)တွင် (၃၂၃)ဦး၊ အထက နောင်တရားတွင်(၃၉၈)ဦး၊ အထက တီကျစ်တွင်(၂၀၇)ဦး၊ အထက ပင်ခွန်တွင်(၂၄၇)ဦး၊ အထက တင်းထက်တွင် (၁၇၁)ဦး၊ အထက ဆောင်းပြောင်းတွင် (၂၅၈)ဦး၊ အထက လွယ်ဘောင်းတွင် (၂၃)ဦး၊ အထက တလိုင်းမရွာ (၁၃၈)ဦးနှင့် အထက ထီရယ်တွင် (၄၀)ဦး ဖြေဆိုပြီး၊ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ( ၂၁၂၄ )ဦးရှိကြောင်း၊ ဖြေဆို ပျက်ကွက်သူ (၂၆၄)ရှိကြောင်း၊ ဖြေဆိုသူ (၈၈.၉) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး ထံမှ သိရသည်။
ခွန်အာကာစိုး