အလုံ မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာ စတင်ဖြေဆိုခြင်းကို မတ်လ ၃၁ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ စတင်ကာ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အလုံမြို့နယ်တွင် တက္ကသိုက်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းရှိ ကျောင်းတွင်းဖြေ ၇၄ဦး ၊ ပြင်ပဖြေ ၆၃ဦး၊ စုစုပေါင်း ၁၃၇ ဦးတွင် ကျောင်းတွင်းမှ ဝင်ရောက်ဖြေဆိုသူ (၆၄)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုသူ ၄၉ ဦး စုစုပေါင်း (၁၁၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ဖြေဆိုသူ ရာခိုင်နှုန်းအားဖြင့် ၈၂.၄၈ ဖြေဆိုခဲ့သည်။
စာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းသာယာစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးဆန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှစတင်ကာ ဧပြီလ ၇ ရက်နေ့အထိ အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်တင်ချို